Tuesday, November 10, 2009

Study in Europe



လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ "Study in Europe" ပညာရေးဟောပြောပွဲတခုရှိတယ်။ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန် နဲ့ ဗြိတိန် နိုင်ငံက ကျောင်းသားတွေ၊ တက္ကသိုလ်ပါမောက္ခတွေ၊ သံရုံးတာဝန်ရှိသူတွေက ဟောပြောမှာဖြစ်တယ်။ ဥရောပမှာ ပညာဆည်းပူးဖို့ စိတ်ဝင်စားသူတွေအတွက် အကျိုးရှိစေနိုင်တဲ့ ပွဲတခုပါ။

နေ့စွဲး ၅ရက်၊ ၁၂လ၊ ၂၀၀၉ခုနှစ်
အချိန်း ၁၀း၀၀ - ၅း၀၀ နာရီ
နေရား Hilton Hotel Singapore
581 Orchard Road
(take bus no. 7, 36, 77, 105, 106, 111, 123, 132, 174, 502 alight at Royal Thai Embassy)

Study in Europe 2009 flyer



Study in Europe

ဆက်ဖတ်ရန်...

Saturday, July 18, 2009

၁၉ ဇူလိုင် မမေ့နိုင်...



Photobucket

ဆက်ဖတ်ရန်...

Monday, June 29, 2009

ရန်ကုန်



Photobucket


မိုင်ထောင်ချီဝေး၊ ဒီခရီးမယ်
ယုံကြည်ချက်နဲ့၊ ဘဝရထား
ခုတ်မောင်းနေသူ၊ ရည်မှန်းချက်တို့
အဆုံးသတ်ဝယ်၊ နောက်ဆုံးဘူတာ
ရွှေရောင်လွှမ်းတဲ့၊ ဆိပ်ကမ်းမြို့လေးကိုသာ… ။

ဆက်ဖတ်ရန်...

Thursday, June 25, 2009

အဝေးရောက် တမ်းချင်း…


Thomas ယန္တရားကြီးရပ်နေတာ ၅လနီးနီးတောင်ရှိပြီ။ ၁လခွဲ၊ ၂လလောက် ခရီးလွန်ပြီး၊ ပြန်ရေးဖို့စဉ်းစားနေတာတော့ကြာပါပြီ။ လူကခပ်ပျင်းပျင်းရှိတာရော အပိုယူထားတဲ့ အတန်းချိန်တွေကြောင့်ပါ မရေးဖြစ်တာ။ ဒီကျောင်းပိတ်ရက်မှာ လာမဲ့ ”mid semester test” အတွက် ပြင်ဆင်တုန်း လွမ်းသလိုလိုဖြစ်လာတာနဲ့ ဒီကဗျာလေးရေးဖြစ်ခဲ့တယ်…


သုံးနှစ်ကြာညောင်းခဲ့ပေမဲ့
အရှုံးနဲ့သာ ဟောင်းနွမ်းသွားခဲ့။

သထုံလမ်းက အတိတ်တွေ
အခုတလော အဆိပ်တွေပြန်တက်။

အနမ်းပန်းတွေ ခြွေခွင့်မရတဲ့ဒီလူ
အလွမ်းများစွာနဲ့ ဆွေးနေလေရဲ့။

အင်းယားမြေက အတွေးတွေ
အဝေးလူရဲ့ အဆွေးကိုဖေးကူနေဆဲပါ။

မြတ်နိုးမှုအရိုးခံသက်သက်နဲ့
(တဘဝစာ) မျှော်လင့်ခဲ့ရသူအဖို့
အိပ်မက်တွေထဲမှာ အခါခါပြိုလဲ။

ပြုစားတတ်တဲ့ မှော်ဆရာမလေးရေ…
ဒဏ်ရာတွေကို ကုစားပေးပြီး
ပျော်စရာတွေကို ဆောင်ကျဉ်းပေးလှည့်ပါ။

ဆက်လျှောက်ရမဲ့ ဘဝတကွေ့မှာ
မင်းအချစ်တွေကို မရသရွေ့တော့…
ဒီအမှောင်ထဲက ရုန်းမထွက်နိုင်သေးလို့ပါ။

မရေရာတဲ့ ဘဝမှာ (မင်းအတွက်)
သေချာတဲ့ နေရာတခု ရှိနေဆဲ။

ဆက်ဖတ်ရန်...

Thursday, February 12, 2009

ဗမာ့ သူရဲကောင်း



Photobucket


ဖေဖော်ဝါရီ ၁၃ရက်၊ လွန်ခဲ့တဲ့ ၉၄နှစ် ဒီအချိန်မှာ ကမ္ဘာမှာမြန်မာလို့ မော်ကြွားနိုင်အောင်၊ နေမဝင်အင်ပါယာကြီးက ဒူးထောက်ခဲ့ရအောင်၊ ကမ္ဘာမြေပုံပေါ်မှာ မြန်မာနိုင်ငံ တဖန်ပြန်လည်ပေါ်ပေါက်လာအောင် အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့ပါတယ်။ ပထမဆုံးဗမာ့တပ်မတော်ကို ဖွဲ့စည်းခဲ့သူဖြစ်ပြီး၊ ”ရရင်ရ မရရင်ချ” ဆိုတဲ့မူကိုဆွဲကိုင်ပြီး အင်္ဂလိပ်နယ်ချဲ့၊ ဖက်ဆစ်ဂျပန်တို့ကို အဆင့်ဆင့်တော်လှန်ရင်း လွပ်လပ်ရေးမရခင် လပိုင်းမျှအလိုမှာ မသမာသူလူတစုရဲ့လုပ်ကြံခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ရဲ့အသက်ဟာ ၃၃နှစ်သာရှိပါသေးတယ်။ ကွယ်လွန်ချိန် စောခဲ့ပေမဲ့ သူ လုပ်ဆောင်ခဲ့တဲ့ အရာတွေဟာ ယနေ့အချိန်ထိ ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းအတွက် ရပ်တန့်မသွားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပေါ်နေတုန်းပါ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဗိုလ်ချုပ် ဆိုလိုချင်တဲ့ လွတ်လပ်ရေး နဲ့ နိုင်ငံ့အဆင့်အတန်းဟာ ဒီနေ့အချိန်ထိ ပြည်သူတွေလက်ထဲ ရောက်ရှိမလာသေးတာပါပဲ။ ဒါ့အပြင် သမိုင်းကြောင်းတွေ ပျောက်ပျက်နေတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ရဲ့အခန်းကဏ္ဍဟာ တဖြည်းဖြည်း မှေးမှိန်လို့လာနေပါတယ်။ သူငယ်ချင်းတွေထဲမှာတောင် ဖေဖော်ဝါရီ ၁၃ရက်ကို ဘာမှန်းမသိတဲ့သူတွေ ရှိနေပါတယ်။ နောင်လာနောက်သားတွေဆို ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲလို့မေးလာကြမှာကို တွေးပူမိပါတယ်ဗျာ…







MusicPlaylist
Music Playlist at MixPod.com




ဆက်ဖတ်ရန်...

Saturday, February 7, 2009

Fairy Tale



ဒီ"Fairy Tale"ဆိုတာက မလေးရှားနိုင်ငံဖွား တရုတ်လူမျိုးအဆိုတော် Michael Wong (Guang Liang) ရဲ့ နာမည်ကြီး “Tong Hua” သီချင်းကို အင်္ဂလိပ်လိုဘာသာပြန်ပြီး ဆိုထားတာပါ။ အဆိုတော်ကတော့ ဗီယက်နမ်လူမျိုး Christine Nguyen ပါ။ ဒီသီချင်းကိုပဲ Rဇာနည်ကလည်း “ကိုယ့်အနားရှိစေချင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာလိုသီဆိုထားပါတယ်။ အဆွေးသမားတယောက်အတွက်တော့ မူရင်းသီချင်းစာသားရော သံစဉ်ကပါ သူ့ရဲ့အလွမ်းအဆွေးဓာတ်ခံကို နှိုးဆွနေသလိုပါပဲ။ တရုတ်လိုနားမလည်တဲ့သူတွေ မူရင်းအဓိပ္ပာယ်အတိုင်း ခံစားနိုင်တာပေါ့ဗျာ။ :)



ဒီဟာကသီချင်းစာသားပါ။

Forgot how long it's been
since I last heard you
telling me 'bout your fav'rite story
thought for a long time,
began to worry.
Is it me who did something wrong?

You cried and said to me
that fairytales are all just lies.
I couldn't be your fairytale prince.
but you don't understand
since you gave me your hands
stars in my sky began to shine.

I'm willing to change into
The angel in those fairy tales
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

You cried and said to me
that fairytales are all just lies.
I couldn't be your fairytale prince.
but you don't understand
since you gave me your hands
stars in my sky began to shine.

I want to be your fantasy
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

I wish to be your fantasy.
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

MP3 version ကို download လုပ်ချင်တဲ့သူတွေ ဒီမှာ လုပ်လို့ရပါတယ်။

ဆက်ဖတ်ရန်...

Saturday, January 10, 2009

ဆွေးမြည့် နှလုံးသား



Photobucket


ရွှေမြို့တော်က ပျိုးတဲ့မီး
ခြင်္သေ့ကျွန်းထိ ကူးခဲ့ပြီ။
ဒီဇင်ဘာမိုးသည်းပေမဲ့
နှလုံးသားမှာ ကျွမ်းခဲ့ပြီ။

ရွှေလရောင် သာသော်ငြား
မိုးတိမ်အပြည့် ဖုံးခဲ့ပြီ။
ရင်ထဲမှာ နာသော်ငြား
အောင့်အီးပြီးတော့ ပြုံးခဲ့ပြီ။



***ဒီကဗျာရဲ့ဒုတိယအပိုဒ်က ကျွန်တော့်သူငယ်ချင်း မောင်Harry ထပ်မံဖြည့်စွက်ပေးထားတာပါ။ အသုံးပြုခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။***

ဆက်ဖတ်ရန်...

Wednesday, December 24, 2008

ရယ်မောချင်သူတို့အတွက်



တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"

********************************************************************************************************************

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့..

ဆက်ဖတ်ရန်...

Tuesday, December 23, 2008

သူခိုးဖမ်းပေးသောခြင်



ဖင်လန်ပုလိပ်များက မော်တော်ကားသူခိုးတယောက်ကို ခြင်တကောင်၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့သည်ဟု လက်ခံထားကြသည်။ ထိုကားသည် ဇွန်လအတွင်း၌ အခိုးခံရခဲ့ပြီးနောက် များမကြာမီ ဘူတာရုံတခုအနီးမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပုလိပ်ပတ္တရောင်များက ကားကိုတွေ့ရှိ၍ စစ်ဆေးကြည့်ရှုသောအခါ သွေးဝနေသောခြင်တကောင်ကို သတိပြုမိရာမှ မော်တော်ကားသူခိုးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းခြင်အား DNA ဓါတ်ခွဲခန်းသို့ပို့၍ စုပ်ထားသောသွေးကို စစ်ဆေးသောအခါ ယခင်က ပုလိပ်မှတ်တမ်းဝင် ရာဇ၀တ်သားဟောင်းတဦး၏ သွေးနှင့်ထပ်တူဖြစ်နေ၍ ထိုလူအား ဖမ်းဆီးခဲ့ကြသည်။ စွပ်စွဲခံရသောပုဂ္ဂိုလ်ကမူ ထိုကားအား သူ ကားကြုံသာစီးမိခဲ့ကြောင်း၊ သူမခိုးပါကြောင်း ငြင်းဆိုခဲ့သည်။ ပုလိပ်အရာရှိပါလိုမှ စွဲချရှေ့နေများသာလျှင် ဤတွေ့ရှိရသောအထောက်အထား မည်မျှခိုင်မာသည်ကိုလေ့လာ၍ မသင်္ကာသူကားသူခိုးအား စွဲချက်ချနိုင်မည်ဖြစ်ကြောင်း ပြောသွားပါသည်။

ဖင်လန်ပုလိပ်များက အခင်းဖြစ်ပွားရာ နေရာ၌ရှိသမျှသဲလွန်စတို့ကို အသေးစိတ်လေ့လာကြသော်လည်း ပိုးမွှားများမှရရှိသော အထောက်အထားများဖြင့် ရာဇ၀တ်မှုများကို ဖြေရှင်းခြင်းနည်းမှာ အသုံးချမှုသိပ်မရှိလှသေးကြောင်း၊ ပါလိုကလည်း “ကျွန်တော်တို့ ပုလိပ်ကျောင်းတက်တုန်းက ခြင်တွေဘာတွေကို လေ့လာကြည့်ရမယ်လို့ မပါခဲ့ပါဘူး။ ပြီးကားတစင်းထဲမှာ ခြင်တကောင်ရှာဖို့ဆိုတာ မလွယ်လှဘူး။ ရှာနိုင်ခဲ့တာ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အမှုတွေကို ဘယ်လောက်အသေးစိတ် လေ့လာခဲ့တာကို သိနိုင်ပါတယ်။”ဟု ဂုဏ်ယူစွာ ပြောကြားသွားပါသည်။

(အေဖက်ပီ)
ဟယ်ဆန်ကီ၊ ဖင်လန်

ဆက်ဖတ်ရန်...

Monday, December 22, 2008

ပြောဖို့ ခက်ပါတယ်



တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကိုကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်းအတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။ "ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့အပါးတော်မြဲက ပြန်ဖြေတယ်။ နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။ "ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။ "ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောကစားထွက်သတဲ့။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့ စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူအဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။

ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့
မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။ အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က
ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူနဲ့ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

ဆက်ဖတ်ရန်...

Wednesday, December 10, 2008

ဘုန်းဘုန်း ဒုက္ခ



မဂ္ဂဇင်းတခုက ကဗျာလေးပါ။ သဘောကျလို့ အားလုံးကိုမျှဝေလိုက်ပါတယ်။ =)



ဈေးဆိုင်မှာ အကြွေရှားလို့
ငွေအစား အငှားဝင်
အမ်းသည့် ချိုချဉ်။
မလိုချင်
ငြိုငြင်ပေါ့ သည်အရှုပ်။
ဝယ်သူကို ဆိုင်ရှင်မငဲ့ပေါင်
ရွဲ့သယောင် တမျိုးပြောင်းတယ်
ခေါင်းလျှော်ရည်ထုပ်။ ။

ဆက်ဖတ်ရန်...

Tuesday, December 9, 2008

အဖြူ အမဲ ပြဿနာ...



Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

ဆက်ဖတ်ရန်...

Monday, December 8, 2008

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်



Forward email ထဲက တခုပါ။ သင့်လက်ကိုင်ဖုန်းက အသက်ကယ်ပစ္စည်း သို့မဟုတ် ရှင်သန်ရုန်းကန်နိုင်ဖွယ်ရာ အရေးပေါ်အထောက်အကူပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေကျန်ခဲ့လား

သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပိုဘက္ထရီ

သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။

သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။

ဆက်ဖတ်ရန်...

Sunday, December 7, 2008

မျှော်နေဆဲ ဒီဇင်ဘာ...



အလှမ်းဝေးနေပေမဲ့
ရမ်းရော်ကာ မျှော်နေဆဲပါ။
ချစ်တယ်ဆိုတဲ့
ချိုမြိန်တဲ့ စကားအတွက်
မာကျောခက်ထန်တဲ့ နှစ်လတွေကို
ရယ်မောဟန်ဆောင် ကျော်ခဲ့တယ်။

ဆက်ဖတ်ရန်...

Saturday, November 29, 2008

Classical Music and Study



ကျွန်တော့်တို့ကို Analog Communation System သင်တဲ့ဆရာ ၂ ယောက်ကပြောဖူးတယ်။ စာလေ့လာတဲ့အချိန်မှာ Symphony Orchestra Music စတဲ့ Classical Music နားထောင်ရင်းကျက်မှတ်ရင်
ပုံမှန်ထက် ၁၂% စာပိုရတယ်လို့ ဆိုပါတယ်။ အဲ… ဒါပေမဲ့ အရမ်းအိပ်ချင်နေရင်တော့ ၁၀၀% အိပ်ပျော်တယ်တဲ့။ =P ကျွန်တော်အခုလေ့လာကြည့်သလောက် ထိရောက်ပါတယ်။ classic တီးလုံးတွေဟာ ဦးနှောက်ကို ကြည်လင်စေပါတယ်။ ဒါကြောင့် ကျွန်တော် Robert Schumann ရဲ့ Traumerei နဲ့ Ludwig van Beethoven ရဲ့ Moonlight Sonata ကိုအောက်မှာတင်ပြလိုက်ပါတယ်။ အားလုံးလည်း လှပအသက်ဝင်တဲ့တီးလုံးတွေနဲ့အတူ ထူးချွန်စွာအောင်မြင်ကြပါစေ။ =)




ဆက်ဖတ်ရန်...

Deutsch



ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ကျောင်းကို Deutschland က ပရော်ဖက်ဆာတယောက် Seminar လာပေးတယ်။ Deutschland ဆိုတာဂျာမနီပါ။ တချို့က ဂျာမနီဆိုတာနဲ့ ဟစ်တလာရဲ့ နာဇီပါတီကိုပြေးမြင်တော့တာပဲ။ ဒါပေမဲ့ ဒီဖက်ဆစ်နာဇီဝါဒီဟာ ဒုတိယကမ္ဘာစစ်နဲ့အတူ အတိတ်မှာကျန်ခဲ့ပါပြီ။ ထားလိုက်ပါတော့။ အခုသူလာရောက်ဆွေးနွေးတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ SP ကကျောင်းသားတွေ ဒီပလိုမာရပြီးတဲ့အခါ မြူးနစ်မြို့မှာရှိတဲ့ အသုံးချသိပ္ပံတက္ကသိုလ် (University of Applied Sciences Munich)မှာ လာရောက်ပညာဆည်းပူးနိုင်တဲ့အကြောင်းပါ။ ပြီးတော့ ကျောင်းလခကလည်း Semester တခုကိုမှ ယူရို ၅၀၀ ပါ။ စင်္ကာပူဒေါ်လာနဲ့ဆို ၁၀၀၀ ဝန်းကျင်ပါပဲ။ အဲဒီဟာက အခု SP မှာ အစိုးရထောက်ပံ့ကြေးရပြီးတဲ့ ပမာဏထက်တောင်နည်းသေးတယ်။ အဲဒီပရော်ဖက်ဆာက ပြောတယ် ကျွန်တော်တို့က ကံဆိုးတာတဲ့။ ပြီးခဲ့တဲ့နှစ်အထိ တက္ကသိုလ်ဝင်ခွင့်ရတာနဲ့ ကျောင်းလခပေးစရာမလိုဘူး။ ယူရို ၅၀၀က ဒီနှစ်မှစကောက်တာဆိုပဲ။ နောက်ပြီး public transport အတွက် semester ticket တွေက ယူရို ၆၀ ဝန်းကျင်ရှိပြီး ကြိုက်သလောက်စီးနိုင်ပါတယ်။ ကျွန်တော်အရမ်းပျော်သွားတယ်။ ဂျာမနီက ကျွန်တော်ပညာရေးအတွက် စိတ်ဝင်စားတဲ့နိုင်ငံပါ။ ကျွန်တော်အားကျတဲ့ ဂျာမန်ရူပဗေဒပညာရှင်တွေဖြစ်တဲ့ Einstein, Heinsenberg, Planck, Röntgen အစရှိတဲ့သူတွေအပါအဝင် နိုဘယ်လ်ဆုရှင် ၁၀၀ကျော်ရှိတာကိုကြည့်ရင် ဂျာမနီရဲ့ပညာရေးနောက်ခံဟာ သံသဃဖြစ်စရာမရှိပါဘူး။ ဂျာမန်အဆင့်မြင့်ပညာရေးရဲ့ အခြေခံမူက ”သင်ကြားခြင်းနဲ့ သုတေသန ပေါင်းစည်းညီညွတ်ခြင်း” ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အဓိကပြဿနာက ဘာသာစကားပါ။ ကျောင်းတွေမှာဆိုရင်လည်း ဘာသာရပ်အများစုက ဂျာမန်လိုပဲသင်တယ်။ အထူးသဖြင့် အင်မတန်ထူးချွန်တဲ့သူတွေပေါများတဲ့အတွက် ဂျာမန်ဘာသာနဲ့သုတေသနစာတမ်းတွေဟာ ပကတိ လုံလုံလောက်လောက် ရှိပါတယ်။

ဒီလိုနဲ့ ဒုတိယနှစ်မှာ ကျောင်းမှာပဲ ဂျာမန်စာသင်တန်းကိုတက်ခဲ့တယ်။ ပထမအပတ်မှာတင် ကြော်ငြာဘုတ်မှာကပ်ထားတဲ့ အချိန်စာရင်းလွဲတာ၊ နားလည်မှုလွဲတာနဲ့တင် ၂ရက် အတန်းလွတ်သွားတယ်။ နောက်တပတ်သွားတော့ရူးပြီပေါ့။ ဆရာမက ကျွန်တော်ဒီအတန်းမတက်တော့ဘူးထင်နေတာတဲ့။ နောက်မှ နားလည်မှုလွဲတာသိပြီး အတန်းခေါ်ချိန်ကို ခွင့်နဲ့ပေးလိုက်တယ်။ ပြီးတော့ အခြေခံတွေကို အနည်းအကျဉ်းရှင်းပြပြီး စိတ်ဓာတ်မကျဖို့ပြောတယ်။ အတန်းထဲကသူငယ်ချင်းတွေလဲမေးလိုက်ရော၊ ဟိုက်ရှာလဖတ်… နောက်အပတ် presentation တဲ့။ သေပြီဆရာ။ နဂိုထဲက presentation အားနည်းပါတယ်ဆိုမှ စတာနဲ့တိုးတာပဲ။ အားလုံးကလဲ သူ့အတွဲနဲ့သူရှိပြီးသားဆိုတော့ ဘာလုပ်ရမှန်းကိုမသိဘူး။ နောက်အပတ်ကျတော့ တတွဲပြီးတတွဲ presentation ထွက်လုပ်ကြတယ်။ အဲဒီ တော့မှ presentation က ဘာအကြောင်းလဲဆိုတာသိတော့တယ်။ ဂျာမနီ၊ ဂျာမန်ဘာသာနဲ့ပတ်သက်တဲ့ ကြိုက်တဲ့အကြောင်းကို အင်္ဂလိပ်လိုပဲပြောရမှာ။ VW, BMW, Daimler, Audi, Porsche, Mecedes စတဲ့ ဂျာမန်မော်တော်ကားတွေအကြောင်း၊ Mozart, Beethoven, Bach အစရှိတဲ့ ဂီတပညာရှင်တွေအကြောင်း၊ တချို့ကလဲ ဘာလင်တံတိုင်းကြီးပြိုကျပြီး အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းခဲ့တဲ့သမိုင်းကြောင်း စုံလို့ပေါ့။ အဲဒီမှာကောင်မလေးတယောက်က ထွက်မပြောဘူး။ သဘောက သူနဲ့တွဲတဲ့သူငယ်ချင်းကပဲ အကုန်ပြောသွားတာ။ ဒါနဲ့ဆရာမက ကျွန်တော်လည်းတွဲဖို့လူမရှိတာနဲ့ သူ့ကိုကျွန်တော်နဲ့တွဲပြီးနောက်အပတ် ထပ်ပြောခိုင်းတယ်။ ကျွန်တော်ကံကောင်းသွားတာပေါ့။ ဒါပေမဲ့ ဘာအကြောင်းလုပ်ရမှန်းမသိတော့ ဆရာမက Adidas ကဂျာမန်ကုမ္ပဏီ အဲဒီအကြောင်းလုပ်ပေါ့တဲ့။ ဒါပေမဲ့ သူနဲ့ပြန်တိုင်ပင်ကြည့်တော့ အဲဒါကဘောင်ကျဉ်းတယ်တဲ့။ နောက်ဆုံးတော့ ဂျာမနီကပွဲတော်တွေအကြောင်း လုပ်ဖို့သဘောတူလိုက်တယ်။ အဲဒီ presentation က ကျွန်တော်လုပ်ဖူးသမျှထဲမှာ အဆင်အချောဆုံးလို့ပြောလို့ရပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော်ကအတန်းထဲမှာ စာအလိုက်နိုင်ဆုံးလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်သဒ္ဒါက အင်္ဂလိပ်ထက်အဆများစွာ ပိုရှုပ်တယ်။ ဒါပေမဲ့ မြန်မာစာတတ်တဲ့၊ အင်္ဂလိပ်သဒ္ဒါကို ထဲထဲဝင်ဝင်နားလည်တဲ့ ကျွန်တော်တို့မြန်မာတွေဟာ တခြားလူတွေထက် အားသာချက်ရှိပါတယ်။

ကျွန်တော်အခု ဂျာမန်(၁) နာရီ ၆၀ သင်တန်းကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါပြီ။ နောက်တဆင့်ဖြစ်တဲ့ ဂျာမန်(၂)ကိုလည်း ဆက်လက်လေ့လာနေဆဲပါ။

၁။ အင်္ဂလိပ်စာကဲ့သို့ West Germanic Language မှဆင်းသက်လာခြင်း၊
၂။ ရုံးသုံး ၇ နိုင်ငံအပါအဝင် ဥရောပတိုက်မှာ အသုံးအများဆုံး မိခင်ဘာသာစကား၊
၃။ အမေရိကန်၊ ဂျပန်ပြီး ကမ္ဘာ့စီးပွားရေးအင်အား တတိယအကြီးဆုံး၊
၎။ ဥရောပတိုက်တွင် စီးပွားရေးအင်အား အကြီးဆုံး၊
၅။ သိပ္ပံစာတမ်းများတွင် ဒုတိယအသုံးအများဆုံး၊
၆။ ကမ္ဘာ့စာအုပ်တွေရဲ့ ၁၈% က ဂျာမန်ဘာသာနဲ့ထုတ်ဝေခြင်း၊
၇။ အင်္ဂလိပ်၊ ဂျပန်ပြီး လူအများဆုံးလေ့လာသောနိုင်ငံခြားဘာသာစကား၊
၈။ အဆင့်အတန်းမြင့်မားပြီး ဈေးနှုန်းချိုသာသော ပညာရေး၊
၉။ Classical music ဝါသနာရှင်တွေအတွက် Mozart, Beethoven အစရှိသူတို့ရဲ့လက်ရာများ၊

အစရှိတဲ့အချက်တွေဟာ ဂျာမန်ဘာသာကိုလေ့လာသင့်တဲ့အကြောင်းဖြစ်သလို၊ ကျွန်တော်တို့လို ငွေကြေးအခက်အခဲရှိတဲ့ မြန်မာကျောင်းသားတွေအတွက် ဂျာမနီဟာသင့်တော်တဲ့နေရာတခုပါ။ ဂျာမနီအပြင် သြစတြီးယား၊ ဆွစ်ဇာလန် စတဲ့ ဂျာမန်စကားပြောအသိုင်းအဝိုင်းတွေရဲ့ ပညာရေးဟာလည်းအလားတူပါပဲ။
ဂျာမန်ဘာသာရပ်ကို ပိုင်နိုင်ကျွမ်းကျင်တဲ့သူဟာ ပညာသင်ဆုကို ရရှိနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိတဲ့အတွက် အဆင်ပြေပါတယ်။ ဂျာမန်စာလေ့လာနိုင်တဲ့၊ ဂျာမနီပညာရေးနဲ့ပတ်သက်တဲ့ အင်တာနက်စာမျက်နှာတွေအပါအဝင်၊ ကျွန်တော်သင်ကြားပြီးတဲ့ နေ့စဉ်သုံးစကားလုံးအချို့ကို မျှဝေလိုက်ပါတယ်။ နိုင်ငံရပ်ခြားက ပညာ၊အတွေ့အကြုံနဲ့ ကိုယ့်တိုင်းပြည်ကို ပြန်လည်အကျိုးပြုနိုင်ပါစေ။ ။


Goethe Institut Singapur
Deutsche Welle (DW)
Free Online German Course
German-English, English-German Dictionary
German Academic Exchange Service(DAAD)



1) Hallo = Hello(informal)
2) Guten Tag = Hello(formal)
3) Guten Morgen = Good morning
4) Guten Abend = Good evening
5) Tschüß = Bye(informal)
6) Auf Wiedersehen = Good bye(formal)
7) Danke = Thanks
8) Danke schön = Thanks a lot
9) Bitte = Please/ you are welcome
10) Die Liebe = The love
11) Ich liebe dich. = I love you.
12) Entschuldigung = Excuese me
13) Es tut mir leid. = I am sorry.
14) Wie geht es dir/Ihnen? = How are you(informal/formal)?
15) Gut. Danke, und dir/Ihnen? = Fine. Thanks, and you(informal/formal)?
16) Wie heißt du/heißen Sie? = How do I address you(informal/formal)?
17) Was ist dein/Ihr Name? = What is your(informal/formal) name?
18) Wer bist du/sind Sie? = Who are you(informal/formal)?
19) Ich heiße… = I´m called…(My name is…)
20) Mein Name ist… = My name is…
21) Ich bin… = I am…
22) Wie alt bist du/Sie? = How old are you(informal/formal)_
23) Ich bin … Jahre alt. = I am … years old.
24) Woher kommst du/kommen Sie? = Where do you come(informal/formal) from?
25) Ich komme aus… = I come from…

ဆက်ဖတ်ရန်...

ပြန်လာခဲ့ပါ အချစ်ရယ်



ကျွန်တော့် forward email ထဲကတခုပါ။ သဘောကျလို့ အားလုံးကိုမျှဝေလိုက်ပါတယ်။ =)



င့ါတိုင်းပြည်လေးမှာ
ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတတ်ပါတယ်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတတ်ပါတယ်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတတ်ကြပါတယ်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတတ်ကြပါတယ်။

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်။

ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်။

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်။

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်။

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်။

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်။

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး။

ဒါပါပဲ......အချစ်ရယ်
နောက်ဆုံး ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "။

ဆက်ဖတ်ရန်...