Thursday, June 25, 2009

အဝေးရောက် တမ်းချင်း…


Thomas ယန္တရားကြီးရပ်နေတာ ၅လနီးနီးတောင်ရှိပြီ။ ၁လခွဲ၊ ၂လလောက် ခရီးလွန်ပြီး၊ ပြန်ရေးဖို့စဉ်းစားနေတာတော့ကြာပါပြီ။ လူကခပ်ပျင်းပျင်းရှိတာရော အပိုယူထားတဲ့ အတန်းချိန်တွေကြောင့်ပါ မရေးဖြစ်တာ။ ဒီကျောင်းပိတ်ရက်မှာ လာမဲ့ ”mid semester test” အတွက် ပြင်ဆင်တုန်း လွမ်းသလိုလိုဖြစ်လာတာနဲ့ ဒီကဗျာလေးရေးဖြစ်ခဲ့တယ်…


သုံးနှစ်ကြာညောင်းခဲ့ပေမဲ့
အရှုံးနဲ့သာ ဟောင်းနွမ်းသွားခဲ့။

သထုံလမ်းက အတိတ်တွေ
အခုတလော အဆိပ်တွေပြန်တက်။

အနမ်းပန်းတွေ ခြွေခွင့်မရတဲ့ဒီလူ
အလွမ်းများစွာနဲ့ ဆွေးနေလေရဲ့။

အင်းယားမြေက အတွေးတွေ
အဝေးလူရဲ့ အဆွေးကိုဖေးကူနေဆဲပါ။

မြတ်နိုးမှုအရိုးခံသက်သက်နဲ့
(တဘဝစာ) မျှော်လင့်ခဲ့ရသူအဖို့
အိပ်မက်တွေထဲမှာ အခါခါပြိုလဲ။

ပြုစားတတ်တဲ့ မှော်ဆရာမလေးရေ…
ဒဏ်ရာတွေကို ကုစားပေးပြီး
ပျော်စရာတွေကို ဆောင်ကျဉ်းပေးလှည့်ပါ။

ဆက်လျှောက်ရမဲ့ ဘဝတကွေ့မှာ
မင်းအချစ်တွေကို မရသရွေ့တော့…
ဒီအမှောင်ထဲက ရုန်းမထွက်နိုင်သေးလို့ပါ။

မရေရာတဲ့ ဘဝမှာ (မင်းအတွက်)
သေချာတဲ့ နေရာတခု ရှိနေဆဲ။

5 comments:

Harry said...

အခုဟာက Thomas ယန္တရားကြီး စပြီး ပြန်လည်ပတ်တာလား ကြော်ငြာပြန်ဝင်တာလား။ ဟီး
ကဗျာလေးတော့ ကောင်းတယ်ဗျာ.. မောင်ဝကစ်တို့ မယုယတို့တော့ မတွေ့စေနဲ့ပေါ့။ အဟိ

@tMozzis said...

ကဗျာက လန်ထွက်ပြီး လျှံတက်နေတာပဲ။ ခြံခတ်လို့တောင် မနိုင်ဘူး ... အဲလေ ယောင်လို့ =B

Publicize လုပ်ပေးရမလား . . . =P

Kaung Myat said...

ဟီးဟီး....ကဗျာလေးကတော်တော်ကောင်းတာပဲ...ခံစားချက် ကအပြည့်နဲ့ဆိုတော့လည်း... :P :P

Anon said...

ကောင်းတယ်ဗျာ... ကျွန်တော်တို့လဲ ပြန်ရောက်မှ သထုံလမ်းမှာ ကဗျာသွားရေးဦးမှ...

Eduking said...

ကိုယ့်လူက လုပ်မယ့် လုပ်တော့လည်း.. ဟက်ဟက် :D

အမြန်ဆုံးနီးစပ်နိုင်ပါစေ သယ်ကြီးရေ..