
ရွှေမြို့တော်က ပျိုးတဲ့မီး
ခြင်္သေ့ကျွန်းထိ ကူးခဲ့ပြီ။
ဒီဇင်ဘာမိုးသည်းပေမဲ့
နှလုံးသားမှာ ကျွမ်းခဲ့ပြီ။
ရွှေလရောင် သာသော်ငြား
မိုးတိမ်အပြည့် ဖုံးခဲ့ပြီ။
ရင်ထဲမှာ နာသော်ငြား
အောင့်အီးပြီးတော့ ပြုံးခဲ့ပြီ။
***ဒီကဗျာရဲ့ဒုတိယအပိုဒ်က ကျွန်တော့်သူငယ်ချင်း မောင်Harry ထပ်မံဖြည့်စွက်ပေးထားတာပါ။ အသုံးပြုခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။***
6 comments:
သယ်ရင်းအသည်း မာသော်ငြား....
အခုမမာနိုင်တော့ပါဘူး သယ်ရင်းရာ။ ဖြည့်စွက်ချက်ကြောင့် ကဗျာလေးပိုပြည့်စုံသွားတယ်။ ကျေးဇူးအထူးတင်ပါတယ်ဗျာ။
တကယ်ဘာပြောရမှန်းကို မသိတော့ဘူးဟ... ဟဲဟဲ သုံးလေးခါပြန်ဖတ်လည်း မရိုးဘူးဖြစ်နေပြီ ဒုက္ခပဲ။
ခံစားချက်တွေပြင်းထန်လှချည်လား....anyway..very good poem !!!
တိုတိုလေးနဲ့ ထိတယ်။ ဖတ်လို့ ကောင်းပါတယ်။ =D
သယ်ရင်း
ငါကူးတယ်ကွာ
ငါ့ဘလော့မှာ ပြန်ရှဲချင်လို့။ :D
Post a Comment