Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, June 29, 2009

ရန်ကုန်



Photobucket


မိုင်ထောင်ချီဝေး၊ ဒီခရီးမယ်
ယုံကြည်ချက်နဲ့၊ ဘဝရထား
ခုတ်မောင်းနေသူ၊ ရည်မှန်းချက်တို့
အဆုံးသတ်ဝယ်၊ နောက်ဆုံးဘူတာ
ရွှေရောင်လွှမ်းတဲ့၊ ဆိပ်ကမ်းမြို့လေးကိုသာ… ။

ဆက်ဖတ်ရန်...

Thursday, June 25, 2009

အဝေးရောက် တမ်းချင်း…


Thomas ယန္တရားကြီးရပ်နေတာ ၅လနီးနီးတောင်ရှိပြီ။ ၁လခွဲ၊ ၂လလောက် ခရီးလွန်ပြီး၊ ပြန်ရေးဖို့စဉ်းစားနေတာတော့ကြာပါပြီ။ လူကခပ်ပျင်းပျင်းရှိတာရော အပိုယူထားတဲ့ အတန်းချိန်တွေကြောင့်ပါ မရေးဖြစ်တာ။ ဒီကျောင်းပိတ်ရက်မှာ လာမဲ့ ”mid semester test” အတွက် ပြင်ဆင်တုန်း လွမ်းသလိုလိုဖြစ်လာတာနဲ့ ဒီကဗျာလေးရေးဖြစ်ခဲ့တယ်…


သုံးနှစ်ကြာညောင်းခဲ့ပေမဲ့
အရှုံးနဲ့သာ ဟောင်းနွမ်းသွားခဲ့။

သထုံလမ်းက အတိတ်တွေ
အခုတလော အဆိပ်တွေပြန်တက်။

အနမ်းပန်းတွေ ခြွေခွင့်မရတဲ့ဒီလူ
အလွမ်းများစွာနဲ့ ဆွေးနေလေရဲ့။

အင်းယားမြေက အတွေးတွေ
အဝေးလူရဲ့ အဆွေးကိုဖေးကူနေဆဲပါ။

မြတ်နိုးမှုအရိုးခံသက်သက်နဲ့
(တဘဝစာ) မျှော်လင့်ခဲ့ရသူအဖို့
အိပ်မက်တွေထဲမှာ အခါခါပြိုလဲ။

ပြုစားတတ်တဲ့ မှော်ဆရာမလေးရေ…
ဒဏ်ရာတွေကို ကုစားပေးပြီး
ပျော်စရာတွေကို ဆောင်ကျဉ်းပေးလှည့်ပါ။

ဆက်လျှောက်ရမဲ့ ဘဝတကွေ့မှာ
မင်းအချစ်တွေကို မရသရွေ့တော့…
ဒီအမှောင်ထဲက ရုန်းမထွက်နိုင်သေးလို့ပါ။

မရေရာတဲ့ ဘဝမှာ (မင်းအတွက်)
သေချာတဲ့ နေရာတခု ရှိနေဆဲ။

ဆက်ဖတ်ရန်...

Saturday, January 10, 2009

ဆွေးမြည့် နှလုံးသား



Photobucket


ရွှေမြို့တော်က ပျိုးတဲ့မီး
ခြင်္သေ့ကျွန်းထိ ကူးခဲ့ပြီ။
ဒီဇင်ဘာမိုးသည်းပေမဲ့
နှလုံးသားမှာ ကျွမ်းခဲ့ပြီ။

ရွှေလရောင် သာသော်ငြား
မိုးတိမ်အပြည့် ဖုံးခဲ့ပြီ။
ရင်ထဲမှာ နာသော်ငြား
အောင့်အီးပြီးတော့ ပြုံးခဲ့ပြီ။



***ဒီကဗျာရဲ့ဒုတိယအပိုဒ်က ကျွန်တော့်သူငယ်ချင်း မောင်Harry ထပ်မံဖြည့်စွက်ပေးထားတာပါ။ အသုံးပြုခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။***

ဆက်ဖတ်ရန်...

Wednesday, December 10, 2008

ဘုန်းဘုန်း ဒုက္ခ



မဂ္ဂဇင်းတခုက ကဗျာလေးပါ။ သဘောကျလို့ အားလုံးကိုမျှဝေလိုက်ပါတယ်။ =)



ဈေးဆိုင်မှာ အကြွေရှားလို့
ငွေအစား အငှားဝင်
အမ်းသည့် ချိုချဉ်။
မလိုချင်
ငြိုငြင်ပေါ့ သည်အရှုပ်။
ဝယ်သူကို ဆိုင်ရှင်မငဲ့ပေါင်
ရွဲ့သယောင် တမျိုးပြောင်းတယ်
ခေါင်းလျှော်ရည်ထုပ်။ ။

ဆက်ဖတ်ရန်...

Sunday, December 7, 2008

မျှော်နေဆဲ ဒီဇင်ဘာ...



အလှမ်းဝေးနေပေမဲ့
ရမ်းရော်ကာ မျှော်နေဆဲပါ။
ချစ်တယ်ဆိုတဲ့
ချိုမြိန်တဲ့ စကားအတွက်
မာကျောခက်ထန်တဲ့ နှစ်လတွေကို
ရယ်မောဟန်ဆောင် ကျော်ခဲ့တယ်။

ဆက်ဖတ်ရန်...

Saturday, November 29, 2008

ပြန်လာခဲ့ပါ အချစ်ရယ်



ကျွန်တော့် forward email ထဲကတခုပါ။ သဘောကျလို့ အားလုံးကိုမျှဝေလိုက်ပါတယ်။ =)



င့ါတိုင်းပြည်လေးမှာ
ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတတ်ပါတယ်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတတ်ပါတယ်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတတ်ကြပါတယ်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတတ်ကြပါတယ်။

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်။

ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်။

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်။

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်။

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်။

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်။

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး။

ဒါပါပဲ......အချစ်ရယ်
နောက်ဆုံး ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "။

ဆက်ဖတ်ရန်...